သက်သာလောနိတ်/ဩဝါဒစာ ပထမစောင်
ရှင်ပေါလု/၏ နှုတ်ခွန်းဆက်/စကား
1
ကျွန်ုပ်/ပေါလု စာရေးလိုက်ပါ၏။ ဤ/စာ/သည် ကျွန်ုပ်/ပေါလု၊ သိလွာနုa/နှင့် တိမောသေ/တို့က
အဖ/ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/တို့နှင့် တပေါင်းတစည်းတည်း/ဖြစ်သော သက်သာလောနိတ်/အသင်းတော်/ထံသို့ ပို့လိုက်သော စာ/ဖြစ်၏။
ကျွန်ုပ်တို့/၏ အဖ/ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/တို့/ထံမှ ကျေးဇူးတော်/နှင့် ငြိမ်းချမ်းခြင်း/သည် သင်တို့/အပေါ် သက်ရောက်ပါစေသော။
သက်သာလောနိတ်/အသင်းတော်/၏ ယုံကြည်ခြင်း
2-3 ကျွန်ုပ်တို့/သည် သင်တို့/အတွက် အဖ/ဘုရားသခင်/ထံ ဆုတောင်းရာ/တွင် သင်တို့/သည် ယုံကြည်သည့်/အတိုင်း လုပ်ဆောင်ကြသည်/ကိုလည်းကောင်း၊ မေတ္တာ/ကြောင့် ကြိုးစား/အားထုတ်ကြသည်/ကိုလည်းကောင်း၊ သခင်/ယေရှု/ခရစ်တော်/ကို မျှော်လင့်/သောကြောင့် သည်းခံနိုင်ကြသည်/ကိုလည်းကောင်း ကျွန်ုပ်တို့/သတိရ/၍ သင်တို့/အားလုံး/အတွက် ဘုရားသခင်/ကို အစဉ်/ကျေးဇူးတင်/လျက် အစဉ်မပြတ် ဆုတောင်းပေးကြ၏။
4 ဘုရားသခင်/ချစ်တော်မူသော ညီအစ်ကို/မောင်နှမတို့… ဘုရားသခင်/၏ လူများ/ဖြစ်လာ/ရန် သင်တို့/ကို ဘုရားသခင်/ရွေးကောက်/တော်မူကြောင်း ကျွန်ုပ်တို့/သိကြ၏။ 5 ကျွန်ုပ်တို့/သည် သတင်းကောင်း/ကို စကား/သက်သက်/ဖြင့် မဟောပြောဘဲ သန့်ရှင်းသော/ဝိညာဉ်တော်/၏ တန်ခိုးတော်/ဖြင့်/လည်းကောင်း၊ ယုံကြည်/စိတ်ချမှု/အပြည့်/ဖြင့်/လည်းကောင်း သင်တို့/ထံ ဟောပြောကြ၏။ ကျွန်ုပ်/သည် သင်တို့/နှင့်အတူ ရှိ/စဉ်အခါက သင်တို့/အကျိုး/ကို ထောက်/၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့/အသိ/ပင် ဖြစ်၏။ 6 သင်တို့/သည် သခင်ဘုရား/နှင့် ကျွန်ုပ်တို့/ကို အတုယူ/သူများ/ဖြစ်ကြ၏။ သင်တို့/သည် ပြင်းထန်သော ဆင်းရဲဒုက္ခ/ကြုံရ/သော်လည်း သန့်ရှင်းသော/ဝိညာဉ်တော်/ပေးသည့် ဝမ်းမြောက်ခြင်း/ဖြင့် သတင်းကောင်း/ကို လက်ခံခဲ့ကြ၏။ 7 သို့ဖြစ်၍ သင်တို့/သည် မာကေဒေါနိပြည်/၌/သာမက အခါယပြည်/တွင် ရှိကြသော ယုံကြည်သူ/အားလုံး/အတွက် စံနမူနာ/ဖြစ်ကြ၏။ 8 အဘယ်ကြောင့်ဆိုသော် သခင်ဘုရား/၏ သတင်းကောင်း/သည် သင်တို့/ထံမှ မာကေဒေါနိပြည်၊ အခါယပြည်/သို့ ပျံ့သွားသည်/သာမက ဘုရားသခင်/ကို သင်တို့/ယုံကြည်သည့်/အကြောင်း/သည်လည်း နေရာတိုင်း/သို့ ပျံ့နှံ့သွား/သောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့/ယုံကြည်သည့်/အကြောင်း/နှင့် ပတ်သက်၍ မည်သည့်/အရာမျှ ကျွန်ုပ်တို့/ပြောစရာ/မရှိ။ 9 သင်တို့/ထံ ကျွန်ုပ်တို့/ရောက်ခဲ့/စဉ် သင်တို့/သည် ကျွန်ုပ်တို့/ကို မည်သို့ လက်ခံခဲ့ကြောင်း/ကိုလည်းကောင်း၊ အသက်ရှင်/၍ စစ်မှန်သည့် ဘုရားသခင်/ကို အစေခံ/ရန် သင်တို့/သည် ရုပ်တု/ကိုးကွယ်နေခဲ့ရာ/မှ ဘုရားသခင်/ထံ မည်သို့/ပြောင်းလဲခဲ့ကြောင်း/ကိုလည်းကောင်း ထို/ဒေသ/တွင် နေထိုင်သူများ/က ပြောပြကြ၏။ 10 ထို့ပြင် ကောင်းကင်းဘုံ/မှ ကြွလာမည့် သားတော်/ကို သင်တို့/မည်သို့ မျှော်လင့်ကြောင်း/ကိုလည်း သူတို့/ပြောပြကြ၏။ ဘုရားသခင်/သည် ထို/သားတော်/ကို သေခြင်း/မှ ထမြောက်စေတော်မူ/ပြီး ထို/သားတော်/သည် ကျရောက်လာမည့်/ဘုရားသခင်/၏ အမျက်တော်/မှ ကျွန်ုပ်တို့/ကို ကယ်တင်တော်မူသော ယေရှု/ဖြစ်၏။